မချမ်းဘော ဖေဖော်ဝါရီ ၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Pfrizer ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံးကြီး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို အသက် (၅၀) နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက် (၆၅) နှစ်နှင့်အထက် ပြည်သူလူထုများ၊ အသက် (၁၈) နှစ်ပြည့်ပြီး အသက် (၅၀) မပြည့်သေးသူ နာတာရှည်ရောဂါသည်များ၊ ကိုယ်ဝန်ဆောင် (မပြည့်သေးသူနာတာရှည်ရောဂါသည်များ)၊ ကိုယ်ဝန်ဆောင် (၃) လနှင့်အထက် နို့တိုက်မိခင်များကို ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Pfrizer ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)