နမ့်စန်(တ) ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနကဆောင်ရွက်သော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက အမှတ်(၄)ရပ်ကွက်ရှိ မြို့မ အခြေခံပညာအထက်တန်းကျောင်းတွင်ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုက အားကစား၏အဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ လူငယ်နှင့်အားကစား၊ အားကစားနှင့်ကျန်းမာရေး၊ လူငယ်နှင့်ခေါင်းဆောင်ကောင်း စသည့်ခေါင်းစဉ်များနှင့် အသိပညာ ပေး ဟောပြောခဲ့ပြီး အားကစားသိပ္ပံကျောင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသားကျောင်းသူများအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့ရာ မြို့မ အ.ထ.ကမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုက အားကစားနှင့် ကာယသိပ္ပံကျောင်း(တောင်ကြီး)သို့ တက်ရောက်လိုသည့် ကျောင်းသား၊ကျောင်းသူများကို စာရင်းကောက်ယူ၍ အရွေးချယ်ခံနိုင်ရန်အတွက် လိုအပ်သည်များကို ကြိုတင် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)