မိုင်းယောင်းမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မိုင်းယောင်း  ဖေဖော်ဝါရီ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း(တပ်တွင်း) ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ ခရိုင်းပညာရေးမှူး ဦးတင့်ဆွေနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေတို့က အမှာစကား ပြောကြားခဲ့ကြသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်မျိုးထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းထွန်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်- ဒေါ်နန်းစီဖေါင်းတို့က သဘာဝဘေးအန္တရာယ်များ ဖြစ်မလာအောင် တားဆီး၍မရသော်လည်း ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်းဖြင့် ရင်ဆိုင်ကျော်လွှာကြရမည်ဖြစ်ကြောင်း စသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ဆောင်ရွက်အကြောင်းတို့ကို ဟောပြောခဲ့ကြသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာမျိုးမြင့်ကျော်တို့က အလယ်တန်းအဆင့်(Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အာကစားမှူး ဦးအောင်မျိုးဦးက လူငယ်နှင့်အားကစားအကြောင်းများကိုလည်းကောင်း အသီးသီး ဟောပြောခဲ့ကြကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)