လှည်းကူးမြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

လှည်းကူး ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊  လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နဲ့အညီ ပန်းခင်းစီမံချက် (၃) ဖြင့် ရပ်ကွက်/ကျေးရွာနေ  ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်းဦးစီးမှုးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းကြည်နှင့် ဝန်ထမ်းများက သာယာကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် အသက် (၁၆) နှစ်နှင့်အထက် ပြည်သူများတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးသည်။

လှည်းကူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသော ပြည်သူများအား  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှည်းကူးမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် (၃) ဖြင့် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများက ပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)