မိုင်းစံ ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်မှ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်ခင်သီတာမြင့်မှ လူငယ်နှင့်ပညာရေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဥမ္မာထွေးက လူငယ်နှင့်စည်းကမ်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်မှ အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်ဝင်းမှ လူငယ်နှင့်အားကစားအကြောင်း ဟောပြောပြီး သင်တန်းသားရရှိရေး ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါလူငယ်ရေးရာဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ(၄၀၀)ဦး တက်ရောက်ခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဘောလုံး(၁)လုံး၊ ဘောလီဘော(၂)လုံး၊ ခြင်းလုံး(၁)လုံး လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မိုင်းစံ (ပြန်/ဆက်)