ဒဂုံမြောက် ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နဝရတ်ပန်းခြံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က (၃၆) ရပ်ကွက်၊ နဝရတ်လမ်း၊ မြရတနာလမ်း၊ မဟူရာလမ်းနှင့် နီလာလမ်းတို့အလယ်ရှိ အဆိုပါပန်းခြံတွင် ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်မြို့ တော်စည်ပင်သာယာ ရေးကော်မတီဉက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဦးညွန့်ဖေနှင့် အဖွဲ့ဝင်များမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယနေ့ဖွင့်လှစ်သော နဝရတ်ပန်းခြံသည် မြေအကျယ်အဝန်း (၁.၃၅၉) ဧကကျယ်ဝန်းပြီး ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော်ဆောင် ပန်းခြံအတွင်း အလျား ၈၀ ပေ၊ အနံ ၉၀ ပေ၊ အနက် ၁၂ ပေရှိ ဂါလန် ၁၂ သိန်းဆန့် ရေကန်တူးဖော်ခြင်း၊ ပန်းခြံဧရိယာအား အုတ်၊ သံပန်းခြံ စည်းရိုး (၁၀၈၀) ပေ ကာရံခြင်း၊ မြေဖို့ခြင်းလုပ်ငန်းများ ဆောက်ရွက်ခဲ့သည်။ ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နဝရတ်ပန်းခြံအား အများပြည်သူလွန်လပ်စွာ အနားယူအပန်းဖြေနိုင်ရန်အတွက် လုံခြုံရေးမီးတိုင် (၁၁) တိုင်စိုက်ထူခြင်း၊ မြင်းကောင်ရေ (၃) ကောင်အား အလှရေပန်းတစ်ခုတပ်ဆင်ခြင်း၊ (၁၄၂၈) ပေအရှည် ပန်းခြံအတွင်း Interlock လျှောက်လမ်းဖောက်လုပ်ခြင်း၊ စိမ်းလန်းသာယာ စိုပြေစေရေးအတွက် အရိပ်ရပန်းပင်ကြီး (၁၆၅)ပင်၊ အရွက်လှပန်းပင်နွယ်ပင် (၇၀၈၁) ပင်၊ ရာသီပန်းပင် (၃၄၀၀) ပင်တို့ အားစိုက်ပျိုးခဲ့ခြင်းနှင့် မြေယာရှုခင်း ဆောင်ရွက်ခြင်းလုပ်ငန်းများအား အပြီးသတ်ဆောင်ရွက်ခဲ့ပြီး ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ