ဒဂုံမြို့သစ်‌(တောင်ပိုင်း)မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ဒဂုံ‌တောင် ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်‌ကြောင်း သိရသည်။

ထိုသို့ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအေးက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတသိရှိစေရန်ရည်ရွယ်၍ ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ ဟောပြော‌ဆွေး‌‌နွေးပြီး သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသဖတ်ရှုစေရာ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားဖတ်ရှုကြ‌ကြောင်းသိရသည်။

ကျော်စွာမိုး