ဒဂုံမြောက် ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရန် မြို့နယ်မီးသတ်ဉီးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့နံနက် (၁၀)နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၄၆)ရပ်ကွက်၊ ဗိုလ်သုန်လမ်းရှိ သစ္စာရွှေဂူ အောင်ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းတွင် မီးသတ်ဆေးဘူးနှင့် ဝတ္ထုငွေ ဆပ်ကပ်လှူဒါန်းခဲ့ပြီး (DCP) မီးသတ်ဆေးဘူးဖြင့် သရုပ်ပြသခြင်းနှင့်အတူ (၄၆)ရပ်ကွက် အတွင်းနေအိမ်များသို့ တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးစီအရာရှိ ဦးတင်ထွန်းအောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် (၄၆)ရပ်ကွက်၊ ဗိုလ်သုန်လမ်းရှိ ဓမ္မစေတီ သစ္စာရွှေဂူ အောင်ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းတွင် မီးသတ်ဆေးဘူးနှင့်ဝတ္ထုငွေဆပ်ကပ်လှူဒါန်းခဲ့ပြီး
မီးလောင်မှုဖြစ်ပွားပါက (DCP) မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်းကို လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခဲ့ပြီး (၄၆)ရပ်ကွက်အတွင်း ရပ်ကွက်နေပြည်သူများအား တစ်အိမ်တက်ဆင်း မီးစစ်ဆေးခြင်းများအား စစ်ဆေးဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ မီးဘေးကာကွယ်ရေး နည်းလမ်းများကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)