ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် Grade-5၊ Grade-9 စာမေးပွဲဆိုင်ရာလက်စွဲဆွေးနွေးပွဲ သင်တန်းဖွင့်လှစ်

ဒဂုံဆိပ်ကမ်း ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမတွင် ယမန်နေ့နံနက်ပိုင်းက Grade-5Grade-9 စာမေးပွဲဆိုင်ရာလက်စွဲဆွေးနွေးပွဲသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဒဂုံမြို့သစ်ခရိုင်၊ ခရိုင်ပညာရေးမှူး ဦးငွေသူရမှ အဖွင့်အမှာစကားပြောကြားပြီး စာမေးပွဲဆိုင်ရာလမ်းညွှန်မှာကြားချက်များအား ဒဂုံမြို့သစ်ခရိုင်၊ ပညာရေးမှူးရုံးမှ လက်ထာက်ညွှန်ကြားရေးမှူး ဒေါ်ခင်ငြိမ်းငြိမ်းက စာမေးပွဲဆိုင်ရာလမ်းညွှန်မှာကြားချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  ဒဂုံမြို့သစ်ခရိုင်၊ ပညာရေးမှူးရုံးမှ (စီမံကိန်းကြီးကြပ်အကဲဖြတ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းသောင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်တို့က ရန်ကုန်တိုင်းဒေသကြီး၊ ပညာရေးမှူးဆရာမကြီးနှင့်ညွှန်ကြားရေးမှူး (ပညာ)တို့၏ အသေးစိတ် လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြီး၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန စာမေးပွဲဆိုင်ရာ လုပ်ငန်းလက်စွဲစာအုပ်ပါ အချက်အလက်များအား အသေးစိတ်ဆွေးနွေးပို့ချခဲ့သည်။

အဆိုပါ သင်တန်းဆွေးနွေးပွဲတွင် အခြေခံပညာကျောင်းများမှ ထက် လယ်မူ ကျောင်းအုပ်ကြီးများကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်ကြမည့် အထက်တန်းပြဆရာ၊ ဆရာမများနှင့်ရုံးအဖွဲ့အဖြစ် လိုက်ပါဆောင်ရွက်ကြမည့်ဆရာဆရာမများ စုစုပေါင်းအင်အား (၆၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ