ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ အမှတ်(၈)ရပ်ကွက်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပုဇွန်တောင် ‌ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ယခုအခါ ပူပြင်းခြောက်သွေ့သည့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် ပြည်သူများအသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်လည်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျသုံးစွဲခြင်းရှိ /မရှိ တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်းပေးလျက်ရှိသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်လင်းဦး ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃)ဦးတို့သည် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးအဖွဲ့ဝင်များနှင့်အတူ အမှတ်()ရပ်ကွက်တွင်း မီးဖိုအသုံးပြုသည့်နေအိမ်များ၊ အခြားမီးသုံးစွဲသည့် နေအိမ်များ မီးများစနစ်တကျသုံးစွဲမှုရှိ/မရှိ စစ်ဆေး၍ မီးမလောင်ခင် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးလောင်လျှင် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် မီးလောင်ပြီး ဆောင်ရွက်ရမည့်နည်းလမ်းများ အသိပညာပေးခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၀)ရပ်ကွက်အတွင်း အလှည့်ကျသွားရောက်၍ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်နေပြည်သူများ မီးဘေးအန္တရာယ်ကာကွယ်နိုင်ရန်အတွက် မီးသတ်ယာဥ်ဖြင့်လိုက်လံနှိုးဆော်ခြင်း၊ မီးဘေးသရုပ်ပြခြင်းနှင့် တစ်အိမ်တစ်ဆင်း လိုက်လံကွင်းဆင်းခြင်းလုပ်ငန်းများ စဥ်ဆက်မပျက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်