ဒဂုံတောင် ဖေဖော်ဝါရီ ၅
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ မြို့နယ်စာရေးဆရာအသင်း၏ သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲနှင့် မျက်နာစုံညီအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပသည်။
ရှေးဦးစွာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ၊ ဇာတ်ညွှန်းရေးဆရာ နေစိုးသော်က သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ရခြင်း ရည်ရွယ်ချက်များပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသော ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီးများအား ကန်တော့ငွေ၊ ပစ္စည်းများဖြင့် ညီညာစွာကန်တော့ကြရာ သက်ကြီးစာပေပညာရှင်ဆရာကြီး၊ ဆရာမကြီးများမှ မုဒိတာစကားများ ပြန်လည်ပြော ကြားသည်။
ထို့နောက် မြို့နယ်စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးကို ဆက်လက်ကျင်းပရာ မြို့နယ်စာရေးဆရာအသင်းဝင်များ၏ စာပေရေးသားခြင်းဆိုင်ရာများ၊ အသင်း၏ဆောင်ရွက်လျက်ရှိသည့် အကြောင်းအရာများ၊ ဆက်လက်ဆောင်ရွက်ရမည့်အကြောင်းအရာများ၊ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရင်းနှီးချစ်ခင်စွာ ဆွေးနွေးကြကြောင်းသိရသည်။
ကျော်စွာမိုး