ညောင်ရွှေမြို့၌ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ပဉ္စမအကြိမ်မြောက် အင်းလေးကန်ဖြတ် စုပေါင်းစက်ဘီးစီးနင်းပွဲ ပြုလုပ်

ညောင်ရွှေ ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ် အင်းလေးဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ်အဖြစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ပဉ္စမအကြိမ်မြောက် အင်းလေးကန်ဖြတ် စုပေါင်းစက်ဘီးစီးနင်းပွဲကို ယနေ့နံနက် (၇) နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်းစုရပ်၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားပြီး (၃၀) ကီလိုမီတာနှင့် (၁၅) ကီလိုမီတာ စက်ဘီးစီးနင်းခြင်းအတွက် သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးခဲ့သည်။

အဆိုပါ စုပေါင်းစက်ဘီးစီးနင်းပွဲအပြီးတွင် ပန်းဝင်သည်အထိစီးနင်းခဲ့ကြသူများအား ကံစမ်မဲဖွင့်ဖောက်၍ အမှတ်တရလက်ဆာင်ဆုများ ပေးအပ်ချီးမြှင့်ပွဲကို ဆက်လက်ပြုလုပ်ရာ တာဝန်ရှိသူများက ဆုရရှိကြသူများကို အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် စုပေါင်းစက်ဘီးစီးနင်းပွဲသို့ စက်ဘီးစီးအားကစားသမား စုစုပေါင်း (၂၈၀) ဦးခန့် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။

မောင်မောင်