မိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ‌အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

မိုင်းတုံ ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို "ပြည်ထောင်စုနေ့အ ကြောင်းသိကောင်းစရာ" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီးနောက် ပြိုင်ပွဲများကို မြို့ပေါ်ရှိ ကျောင်းသား/ကျောင်းသူများအနေဖြင့် ပေါင်းသင်းဆက်ဆံရာတွင် ချိုချိုသာသာ‌ ပြောတက်သည့် အလေ့အထဖြစ်ပေါ်လာစေရန်၊ စိတ်ဓာတ်ခွန်အားများ အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အများအကျိုးကို ဆောင်ရွက်တက်သည့်အ‌လေ့အကျင့်‌ကောင်းများ ဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်နှင့် ဗဟုသုတများတိုးပွားလာ‌စေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။

အဆိုပါ ကျောင်းသား/ကျောင်းသူများမှာ မြို့ပေါ်ရပ်ကွက်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်ဆက်)