မက်မန်းမြို့ ခရိုင်ပညာရေးမှူးရုံးတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲနှင့်ပညာရည်ချွန်းဆုပေးပွဲအခမ်းအနား ကျင်းပ

မက်မန်း ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မက်မန်းမြို့ ခရိုင်ပညာရေးမှူးရုံးတွင်  ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် မက်မန်းမြို့နယ် ခရိုင်ပညာရေးမှူး ဦးသိန်းဆွေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်မည့် ဆရာ/ဆရာမများကို ပြိုင်ပွဲစည်းကမ်းများကို ထပ်မံရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အခြေခံပညာမူလတန်းကျောင်းမှ ပြိုင်ပွဲဝင်မည့် ဆရာ/ဆရာမများကို မဲနှိုက်၍ ကျရာခေါင်းစဉ်ဖြင့် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲကို အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲဝင်ဆရာ/ဆရာမ စုစုပေါင်း(၈)ဦးတို့ ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိကြသည့် ဆရာ/ဆရာမများအား ခရိုင်ပညာရေးမှုးနှင့် မြို့နယ်ပညာရေးမှူးတို့မှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)