တန့်ယန်း ဖေဖော်ဝါရီ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဆောင်ရွက်ပေးရာ နမ့်ဟူးလွယ်ကာကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖေဖော်ဝါရီလ ၂ ရက်က ကွင်းဆင်း ကြည့်ရှုခဲ့သည်။
နမ့်ဟူးလွယ်ကာကျေးရွာအုပ်စု၊ နမ့်ဟူးလွယ်ကာကျေးရွာမှ တောင်သူများက မြစိမ်းရောင်စီမံကိန်း၏ လည်ပတ်ရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ငွေကျပ် (၄၃ ဒဿမ ၄၇)သန်းအား စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၃၁)ဦးအား ထုတ်ချေးပေးခဲ့ပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုး ရေးလုပ်ငန်းများဆောင်ရွက်နေမှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေနွယ်ထွန်းနှင့် စီမံကိန်းတာဝန်ခံများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)