မိုင်းခုတ် ဖေဖော်ဝါရီ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စု၊မိုင်းလုံးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မိုင်းခုတ်မြို့ဒေသအတွင်း မီးခိုးမြူငွေ့ဖုံးလွှမ်းသည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရေး အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မိုင်းခုတ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်နှင့်သက်ဆိုင်ရာဌာနမှအကြီးအကဲများက ကျေးရွာအုပ်စုများရှိ တောင်သူများသည် တောင်ယာလုပ်ငန်းလုပ်ကိုင်ခြင်းကြောင့် တောင်ယာမီးရှို့ခြင်းအပြင် တောများအတွင်း အလွယ်တကူမီးရှို့ခဲ့သဖြင့် သဘာဝအပင် များ ပျက်စီး၍တောများ ပြုန်းတီးခြင်းများ ဖြစ်ပေါ်ခြင်း၊ ရေဝေ/လဲ တောများပျောက်ပျက်ခြင်း၊ ရာသီဥတုများ ဖောက်ပြန်ခြင်း၊ လေထုအတွင်းမီးခိုးမြူမှုန်ငွေ့များရောထွေးခြင်းကြောင့် ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းနှင့် လေကြောင်းဆိုင်ရာလုပ်ငန်းများအခက်အခဲဖြစ်ပေါ်ခြင်းများ ရှိလာနိုင်သဖြင့် မဖြစ်ပေါ်စေရေးအတွက် စသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကိုသက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက (ရှမ်း/လားဟူ) ဘာသာပြန် ဟောပြောပေးခဲ့ကြကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)