ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က(၂၇)ကျောင်း၌ ခရိုင်အဆင့် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအကြောင်းသိကောင်းစရာများ ဆွေးနွေးပွဲကျင်းပ

ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က(၂၇)ကျောင်း၌ ခရိုင်အဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအကြောင်း   သိကောင်းစရာများ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိ အောင်တံခွန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးထွန်း၊ မဟာအောင်မြေခရိုင် ပညာရေးမှူးဒေါက်တာသက်လှစု၊ ပြည်ကြီးတံခွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ် ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်း‌၊ အထက်တန်းကျောင်းခွဲများနှင့် အလယ်တန်း၊ အလယ်တန်းကျောင်း (ခွဲ)များမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ တာဝန်ခံကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကိုယ်ပိုင်ကျောင်းများမှ  တည် ထောင်အုပ်ချုပ်သူများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ Grade-9 ကျောင်းသား/ကျောင်းသူများနှင့်ကျောင်းသားမိဘများ စုစုပေါင်း(၄၅၀)ဦးတက်ရောက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးထွန်းက အဖွင့်အမှာစကားပြောကြားသည်။

ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ခရိုင်ပညာရေးမှူး ဒေါက်တာသက်လှစုက စက်မှု၊ စိုက်ပျိုး၊  မွေးမြူရေးအကြောင်းသိကောင်းစရာများကို လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုအထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာကြီးဦးသက်လွင်တိုးက စက်မှုဘာသာရပ်ကို လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နွယ်နွယ်အောင်က စိုက်ပျိုးရေးဘာသာရပ်ကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ ကြူကြူအေးက မွေးမြူရေးဘာသာရပ်ကို လည်းကောင်း အသီးသီးဆွေး နွေးကြသည်။

ထို့နောက်တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းဝန်းအတွင်းဆောက်လုပ်ဆဲ စက်မှု၊စိုက်ပျိုး၊မွေးမြူရေး ကျောင်းဆောင်အား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)