(၇၇) နှစ်​မြောက် ပြည်​ထောင်စု​နေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာ​ရေးပြိုင်ပွဲ၊ ပန်းချီဆွဲပြိုင်ပွဲကျင်းပ

လသာ ​ဖေ​ဖော်ဝါရီ ၃

ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ လသာမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်း​ကျောင်း၌ (၇၇)နှစ်​မြောက် ပြည်​ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာ​ရေးပြိုင်၊ ပန်းချီဆွဲပြိုင်ပွဲကို ယ​နေ့နံနက် (၉) နာရီအချိန်က အဆိုပါ​ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

(၇၇) နှစ်​မြောက် ပြည်​ထောင်စု​နေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာ​ရေးပြိုင်ပွဲတွင် အထက်တန်းဆင့်​ ကျောင်းသား၊ ​ကျောင်းသူ(၁၅)ဦးက “ပြည်​​ထောင်စုအမွေ ထိန်းသိမ်းစို့​လေ” ​ခေါင်းစဥ်ဖြင့်လည်း​ကောင်း၊ အလယ်တန်းဆင့်​ကျောင်းသား၊​ ကျောင်းသူ (၁၂) ဦးတို့က ‘’ပြည်​ထောင်စုစိတ်ဓါတ်’’ ​ခေါင်းစဥ်ဖြင့်လည်း​ကောင်း၊ မူလတန်းဆင့်​ကျောင်းသား၊​ကျောင်းသူ (၁၀) ဦးတို့က “ပြည်​ထောင်စု​နေ့တို့မ​မေ့” ​ခေါင်းစဥ်၊ ပန်းချီ​ရေးဆွဲပြိုင်ပွဲဖြင့်လည်း​ကောင်း၊​ ကျောင်းသား​ကျောင်းသူစုစု​ပေါင်း (၃၇) ဦးပါဝင်ယှဥ်ပြိုင်ခဲ့ကြ​ကြောင်း သိရသည်။

 ပြိုင်ပွဲတွင်ဆုရရှိသူများကို​ ဖေ​ဖော်ဝါရီလ (၁၂) ရက်​နေ့ (၇၇) နှစ်​​မြောက် ပြည်​ထောင်စု​နေ့အခမ်းအနားတွင် ဆုများ​ပေးအပ်ချီးမြှင့်သွားမည်ဖြစ်​ကြောင်း မြို့နယ်ပညာ​ရေးမှူးရုံးမှ သိရသည်။

နန်းသဲနု​​အောင် (ပြန်/ဆက်)