မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း(ဗဟို)မှ ထန်းတပင်မြို့နယ်အတွင်းရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာများသို့ ထမင်းဘူး(၈ဝဝ) လာရောက် လှူဒါန်း

ထန်းတပင်(ရန်ကုန်)  အောက်တိုဘာလ ၃၀

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံမှုများမှ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို အသွားအလာ ကန့်သတ် စောင့်ကြည့်ရေး စင်တာငါးခုနှင့် ဆေးရုံနှစ်ခုတို့တွင် အသွားအလာကန့်သတ် စောင့်ကြည့်မှုများကို ဆောင်ရွက်နေပြီး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများနှင့် ဆေးရုံနှစ်ခုတို့ အတွက် နေ့လယ်စာထမင်းဘူး(၈ဝဝ)ကို မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ် ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)မှ လာရောက်လှူဒါန်းပေးခဲ့ ကြောင်းသိရသည်။

လှူဒါန်းမှုများကို အောက်တိုဘာလ(၂၉)ရက်နေ့မှ အောက်တိုဘာလ (၃၀)ရက်နေ့အထိ(၂)ရက် တာ နေ့လယ်စာအတွက် အာဟာရထမင်းများကို စင်တာငါးခုနှင့်ဆေးရုံနှစ်ခုတို့ရှိ အသွားအလာကန့် သတ်ထား ရှိသူများနှင့် စေတနာ့ဝန်ထမ်းများအတွက် လှူဒါန်းပေးခြင်းဖြစ်ကြောင်းသိရပြီး လှူဒါန်းမှု များဆောင်ရွက်ရာ တွင်လည်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် တာဝန်ရှိသူများထံသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ် ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)မှ တာဝန်ရှိသူများက အာဟာရထမင်းဘူးများကို လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံမှုများမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို အ.ထ.က (ထန်းတပင်)၊ အ.ထ.က(ခွဲ)အုတ်ဖို၊ အ.ထ.က(ခွဲ)အတွင်းရေကျော်နှင့် အ.လ.က(ခွဲ) ရွာသစ်အခြေခံပညာကျောင်း စင်တာလေးခု၊ ရန်ကုန်အ နောက်ပိုင်းတက္ကသိုလ်၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် တက်သစ်တိုက်နယ်ဆေးရုံ တို့တွင်ထားရှိကြောင်းလည်း သိရသည်။           

ဇင်မင်းထိုက်(ပြန်/ဆက်)