ရေးမြို့နယ်တွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်များနှင့် မဲရုံအဖွဲ့ဝင်များအသုံးပြုရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများဖြန့်ဝေ

ရေး အောက်တိုဘာ ၃၀       

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူ များ၊ မဲရုံအဖွဲ့ဝင်များ၊ Volunteer နှင့် PPE Level-2 ဝတ်ဆင်သူတို့အားကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းမျာ်လက်ခံ၊ ဖြန့်ဖြူးရေးလုပ်ငန်းကော်မတီအဖွဲ့က ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့ထံ ပေးအပ်ခဲ့သည်။

အဆိုပါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ လက်ခံ၊ ဖြန့်ဖြူးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ လက်ခံ၊ ဖြန့်ဖြူးရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဝင်းနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်တို့က မဲဆန္ဒရှင်၊ မဲရုံအဖွဲ့ဝင်၊ Volunteer နှင့် PPE Level-2 ဝတ်ဆင်သူတို့အတွက် N 95 Mask (၁) ခုနှုန်း၊ Exam Glove အား မဲရုံ အဖွဲ့ဝင် (၁) ဦးလျှင် (၂) ခုနှုန်း၊ Volunteer (၁) ဦးလျှင် (၄) ခုနှုန်း၊ Level-2 (၁) ဦးလျှင် (၂) ခု နှုန်း၊ Face Shield အား Volunteer (၁) ဦးလျှင် (၁) ခုနှုန်း၊ PPE Level-2 အား မဲရုံ (၁) ရုံလျှင်(၅) စုံနှုန်း၊ PPE Level-3 အား မဲရုံ (၁) ရုံလျှင် (၅) စုံနှုန်းနှင့် Surigical Glove အား PPE Level-3 နှင့်တွဲ၍ မဲရုံ (၁) ရုံလျှင် (၅) ခုနှုန်းဖြင့် ဖြန့်ဝေဆောင်ရွက်သွားမည့်ဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံများမှတစ်ဆင့် သတ်မှတ်မဲရုံများသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)