ဆီဆိုင်မြို့နယ် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေး

 

ဆီဆိုင်      အောက်တိုဘာ      ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ၌ ယနေ့နံနက်ပိုင်း က ကြိုတင်ဆန္ဒမဲ ပေးလျက်ရှိကြောင်း သိရသည်။

ကြိုတင်ဆန္ဒမဲပေးရာတွင် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူး နှင့်အဖွဲ့ဝင်များ၊ အထူးရဲတပ်ဖွဲ့ဝင်များ၊ မဲဆန္ဒနယ် အတွင်းရှိနေ သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ ကိုယ်တိုင် လာရောက် ဆန္ဒမဲမပေးနိုင်သူများ၊ နိုင်ဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲ၌ တာဝန်ထမ်းဆောင်မည့် သူများတို့က ကြိုတင်ဆန္ဒမဲပေးအပ်လျက်ရှိရာ ဆီဆိုင်မြို့နယ်တွင် ရပ်ကွက်(၆)ခု၊ ကျေးရွာအုပ်စု (၁၃)အုပ်စု၊ ကျေးရွာပေါင်း(၃၂၁)ရွာ၊ မဲရုံ(၉၃)ရုံ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၀၅၉၀၂)ဦးခန့်ရှိပြီး အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အို အပါအဝင် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ(၁၁၀၀၀)ဦးခန့် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဖြိုးထံမှ သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)