မြစ်ကြီးနား ဖေဖော်ဝါရီ ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းကို မြစ်ကြီးနားမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ယနေ့ နံနက် ၉ နာရီက စတင်ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် အခမ်းအနားမှူး (MC) တစ်ဦးတွင် ရှိရမည့် အဓိကအရည်အချင်းများ၊ MC ၏ ရုပ်ပိုင်းဆိုင်ရာများ၊ အခမ်းအနားမှူးတစ်ဦး၏ ဆောင်ရန်/ရှောင်ရန်များ၊ အသံပိုင်းဆိုင်ရာများနှင့် အထွေထွေပိုင်းဆိုင်ရာများကို သင်တန်းနည်းပြ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က ဖေဖော်ဝါရီ (၂) ရက်နေ့မှ (၃) ရက်နေ့ အထိ (၂) ရက်ကြာ စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် ဒေသခံတိုင်းရင်းသူများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ သင်တန်းသူ (၂၁) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)