မင်္ဂလာဒုံမြို့နယ်တွင် သင်ထောက်ကူပညာရေး application မိတ်ဆက်

မင်္ဂလာဒုံ ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် အလင်းရောင်စာကြည့်တိုက်နှင့် သုခမိန်ပညာရေးအက်ပ်တို့ပူးပေါင်း၍ ကျောင်းသူ၊ ကျောင်းသားများအား ပညာသင်ကြားပေးရာတွင် ပိုမိုအဆင်ပြေချောမွေ့နိုင်စေရန် (သုခမိန်) သင်ထောက်ကူ ပညာရေး application မိတ်ဆက်ခြင်းကို အောင်သစ္စာဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ application တွင် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ​ကျောင်းသင်ခန်းစာရပ်များအပြင် ဂီတ၊ ပန်းချီ၊ ကဗျာ စသည့်အထောက်အကူပြု ဘာသာရပ်များကိုလည်း ကိုယ်တိုင်လေ့လာသင်ကြားနိုင်မည်ဖြစ်သည်။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများတွင်သာမက အခြားသောဘာသာရပ်များကိုလည်း ပိုမိုစိတ်ဝင်စားလာပြီး ပြန်လှန်လေ့ကျင့်ခန်းများကို လည်း မိမိတို့ဘာသာပြုလုပ်နိုင်မည်ဖြစ်သည်။ ထို့နောက် ကျောင်းသူ၊ ကျောင်းသားများအား အ​အေးနှင့်မုန့်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ဌေးလင်း(မင်္ဂလာဒုံ)