ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် ကျောက်ဆည်ခရိုင်အတွင်း ဆောင်ရွက်ထားရှိသည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကျောက်ဆည်  အောက်တိုဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင်  ပြည်ထောင်စုရွေးကော်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်သည် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္က ဦးအောင်ကြည်ရှိန်နှင့် အဖွဲ့ခွဲဝင်များ ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္က ဦးသက်ထွန်းနှင့် အဖွဲ့ခွဲဝင်များနှင့် ယနေ နံနက် ၁၀ နာရီက တွေ့ဆုံပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေး၊ အသက်(၆၀)နှစ်အထက်အသက် အရွယ်ကြီးရင့်သူများ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် ဆန္ဒမဲပေးရာတွင် ပွင်းလင်းမြင်သာမှုရှိရေး အလေးထား ဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောက်ဆည်ခရိုင် ရွေကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္က ဦးအောင်ကြည်ရှိန်က  ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာပြီးနောက် မြို့နယ်အလိုက်တိုးတက်လာသည့် မဲဆန္ဒရှင်စာရင်းများ၊ အသက်(၆၀)နှစ် အထက် ကြိုတင်ဆန္ဒမဲစာရင်းများနှင့် အောက်တိုဘာ (၂၉)ရက်နေ့ တွင် လာရောက်၍ကြိုတင်ဆန္ဒမဲပေးသည့် အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးအောင်မြင့်သည် ကျောက်ဆည်မြို့နယ် ကြက်မင်းတွန်ရပ်ကွက်ရှိ အသက်(၆၀) နှစ် အထက်ကြိုတင်ဆန္ဒမဲပေးနေသည့်အခြေအနေများနှင့် စဉ့်ကိုင်မြို့နယ် တရုတ်စုရပ်ကွက်နှင့် ရန်အောင်မြင်ရပ်ကွက်များရှိ ကြိုတင်ဆန္ဒမဲ ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

သက်မောင်(ကျောက်ဆည်)