ရွှေပြည်သာမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ် အကြိုလူငယ်‌ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရွှေပြည်သာ ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များ၊ ကျောင်းသား/ သူများ ဗဟုသုတများ တိုးပွားစေရန်၊ နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း‌ အောင်ဆန်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ရွှေပြည်သာမြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာကိုအောင် (မြင်းကမြေ) က ပြည်ထောင်စုရဲ့စွမ်းပကားခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာ‌ပေဆုများရှင် စာ‌ရေးဆရာမ သဥ္ဇာလှိုင်က မျိုးဆက်သစ်တို့ပြည်‌ ထောင်စုဆီသို့ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောကာ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဝင်းဇော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အသိပညာပေးဟောပြောပွဲသို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ သူများတက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ ရသစာအုပ်များကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

နေမျိုးထွန်း