အ.ထ.က မိုင်းနောင်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဗီတာမင်(အေ) မျက်စိအားတိုးဆေးနှင့် သန်ချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်

မိုင်းနောင် ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အားဗီတာမင်(အေ) မျက်စိအားတိုးဆေး(၂)သိန်းအားနှင့် သန်ချဆေးတိုက်ကျွေးခြင်းများကို ယနေ့နံနက်(၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ အားလုံး ကျန်းမာသန်စွမ်းဥာဏ်ရည်ထက်မြက်၍ အဖက်ဖက်မှ ဘက်စုံဖွံဖြိုးတိုးတက်စေရေးအတွက် (၆)လတစ်ကြိမ် ဗီတာမင်(အေ) မျက်စိအားတိုးဆေး(၂)သိန်းအားနှင့် သန်ချဆေးများကို ပုံမှန်တိုက်ကျွေးပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါဆောင်ရွက်မှုတွင် မိုင်းနောင်မြို့ ပြည်သူ့ဆေးရုံမှ အထက်တန်းသူနာပြု ဆရာမ ဒေါ်နန်းဆိုင်ဟိန်းနှင့် တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်နန်းမေထားတို့က အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၀၇၃)ဦးတို့အား ဗီတာမင်(အေ) မျက်စိအားတိုးဆေးနှင့် သန်ချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)