သထုံ ဖေဖော်ဝါရီ ၂
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် ဖွင့်လှစ်ခဲ့သည့် လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ၁/ ၂၀၂၄ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က သထုံခရိုင် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် (၁) ဗိုလ်မှူးဆန်းဝင်းအောင်က သင်တန်းပြုလုပ်ပေးရသည့်ရည်ရွယ်ချက်နှင့် စွမ်းရည်ပြည့်ဝစွာဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတို့က စံပြသင်တန်းသားဆု၊ မီးသတ်ပညာထူးချွန်ဆု၊ ရှာဖွေကယ်ဆယ်ရေးထူးချွန်ဆုတို့ကို ပေးအပ်ကြကာ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇော်မင်းက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို သထုံခရိုင်မီးသတ်တပ်ဖွဲ့မှူးရုံး၌ ဇန်နဝါရီလ ၈ ရက်နေ့မှ စတင်ကာ တစ်လကြာဖွင့်လှစ်ခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဆောင်သည့် နည်းပြများက ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးဆိုင်ရာ ဘာသာရပ်များများကို သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာတို့မှ သင်တန်းသား အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦးတို့အား စာတွေ့လက်တွေ့လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)