မိုင်းဖြတ် ဖေဖော်ဝါရီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ စျေးပြိုင်စနစ်ဖြင့်ရောင်းချခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စံမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဌေးကြွယ်က အမှာစကားပြောကြားပြီး မြို့နယ်လေလံရောင်းချမှုကြီးကြပ်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးထွန်းရွှေက အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်နိုင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်စည်ပင်သာယာရေးဌာန၏ လိုင်စင်စည်းကမ်းချက်များကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာထွန်းဇော်ဝင်းက သားသတ်လုပ်ငန်းလိုင်စင်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မိုင်းဖြတ်မြို့နယ် စည်ပင်သာယာရေးဌာ၏ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် (၇)ခုအနက် သက်တမ်းတိုး မြို့ဝင်ဘီးခွန်ကောက်(၁)၊ ဈေးပြိုင်စနစ်ဖြင့်မြို့ဝင်ဘီးခွန်ကောက်(၂)၊ အပေါင်ဆိုင်လုပ်ငန်း၊ စက်ဘီး/ဆိုင်ကယ်အပ်နှံဂိတ်၊ မြို့မဈေးကောက်လုပ်ငန်း၊ လမ်းဘေးဈေးကောက်လုပ်ငန်း၊ ကျွဲနွားပွဲဈေးကောက်လုပ်ငန်းလိုင်စင်များအားလည်းကောင်း၊ သားသတ်လုပ်ငန်းလိုင်စင် (၄)ခုဖြစ်သည့် မြို့မဝက်သားသတ်၊ ဟိုနားဝက်သားသတ်လုပ်ငန်း၊ ဝမ်ပုံဝက်သားသတ်လုပ်ငန်း၊ မြို့မအမဲသားသတ်လုပ်ငန်းများကို ဈေးပြိုင်စနစ်ဖြင့်ရောင်းချခဲ့ပြီး လုပ်ငန်းရှင်များက အသီးသီးဝယ်ယူခဲ့ကြောင်း သိရသည်။
အဆိုပါ အရပ်ရပ်လုပ်ငန်းလိုင်စင်များကို အသီးသီးရောက်ချခဲ့သည့်အပေါ် လိုင်စင်(၇)ခုအနက် ကြမ်းခင်းဈေး ငွေကျပ် (၁၂၅၇ဒဿမ ၅) သိန်းဖြင့် ရောင်းချခဲ့ရာ လိုင်စင်ငွေကျပ် (၁၆၁၇ဒဿမ၉)သိန်းရရှိသဖြင့် (၂၈ဒဿမ၆၆)ရာခိုင်နှုန်း တိုးမြှင့်ရရှိပြီး သားသတ်လုပ်ငန်းလိုင်စင် (၄)ခုအနက် ကြမ်းခင်းဈေး (၄၀၆ဒဿမ၄) သိန်းဖြင့် ရောင်းချခဲ့ရာ လိုင်စင်ငွေကျပ်(၅၁၂ဒဿမ၈)သိန်းရရှိသဖြင့် (၂၆ဒဿမ၁၈) ရာခိုင်နှုန်းတိုးမြှင့်ရရှိခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)