ရန်ကုန် ဖေဖေါ်ဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အ.ထ.က(၁) ကျောင်း၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးမှ ကလေးသူငယ်များအတွက် သဘာ၀ဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး အသိပညာပေး ကျင်းပခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးချိုမြင့်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ကလေးသူငယ်များ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး ဂိမ်းကစားနည်းများဖြင့် အဖွဲ့လိုက်လက်တွေ့ဂိမ်း ကစားခြင်း၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင် မဲနှိုက်ပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ ဖိတ်ကြားထားသော ဧည့်သည်တော်များ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်