ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ်(မြို့မ)ဈေးကြီး၌ ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးပြည့်ဖြိုးဟိန်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန် အသိပညာပေးအကြောင်းအရာများနှင့် ရေစက်ရုံ၊ ရေစက်မီးသတ်ပိုက်ငုပ်များကောင်းမွန်မှုအခြေအနေစစ်ဆေးခြင်း၊ မီးသတ်ဆေးဗူးများနေရာချထားတပ်ဆင်ထားမှုနှင့် ကောင်မွန်းမှုရှိ/မရှိသုံးစွဲနည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး သန္ဓေမီးသတ်တပ်ဖွဲ့များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တို့က မီးဘေးအန္တရာယ်များကြုံတွေ့လာပါက မီးငြှိမ်းသတ်နည်းများ၊ မော်တော်ယာဉ်ဖြင့် ရေပက်ဖြန်းမီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိဦးမိုးကျော်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဈေးသူ၊ ဈေးသားများ တက်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆွေနွယ်(IPRD)