ကော့မှူး၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကော့မှူး ဖေဖော်ဝါရီ ၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့ကုန်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်း အ.လ.က (မြို့ကုန်း)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာအ.လ.ကမြို့ကုန်းကျောင်းအုပ်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကအဖွင့်အမှာစကားပြောကြားပြီး ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်နှင့် မြို့နယ်စာရေးဆရာအသင်းမှ အတွင်းရေးမှူးဦးခင်ဇော်(ခင်ဇော်ကော့မှူး)တို့ကပြောကြားရာတွင် လူငယ်များ၏အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ အတွက်အရေးပါသည်ဖြစ်သောကြောင့် မိမိတို့၏ဘဝများမြင့်မားတိုးတက်စေရန်လိုကြောင်း၊ လူငယ်များအနေဖြင့် အတွေးအခေါ်မှန်ကန်ပြီးစစ်မှန်သော မျိုးချစ်စိတ်ဓာတ်များပေါ်ထွန်းလာစေရန် အထူးပင်အရေးကြီးပါကြောင်း၊ မိမိကိုယ်ကိုကောင်းအောင်ကြိုးစားပြီး မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်သွား ကြစေလိုပါကြောင်း၊ လူငယ်များအနေဖြင့် အခွင့်အလမ်းကိုဖမ်းဆုပ်နိုင်ဖို့အတွက် မှန်ကန်တဲ့အရည်အချင်းတွေတိုးတက်ဖို့လို့ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်ခင်မြတ်နိုးစိတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် အနာဂတ်နိုင်ငံတော်ကိုဦးဆောင်နိုင်သည့် လူငယ်များဖြစ်လာအောင်ကြိုးစားနေထိုင်ကြစေလိုကြောင်းနှင့် လူငယ်များနှင့်ပတ်သက်သောအကြောင်းအရာများအား ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အသိပညာပေးနံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များပြသထားရာ ကျောင်းသား၊ ကျောင်းသူများစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)