မိုင်းရယ် ဖေဖော်ဝါရီ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့ အခြေခံပညာအလယ်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်သန်းသန်းမော်က အဖွင့် အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစိန်ညွှန့်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကားကို ပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း မြို့နယ်အဆင့် ပြိုင်ပွဲ များဖြစ်သည့် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ (၇၆)နှစ်မြောက် အာဇာနည်နေ့ စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ (၁၀၃) နှစ်မြောက် အမျိုးသားနေ့ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲနှင့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲ စသည့် ကာယနှင့် ဉာဏပြိုင်ပွဲအသီးသီးတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့ ကြသည့် ကျောင်းသား/သူ များကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ကျောင်းသား/သူလေးများမှ ပညာရေးစုံညီပွဲတော်အထိမ်းအမှတ်ဆိုင်ရာ တေးသီချင်းများ၊ တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။
ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားသို့ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ် ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ/မကြီးများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသား မိဘများနှင့် ဆုရကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မိုင်းရယ်(ပြန်/ဆက်)