တပ်ကုန်းမြို့နယ် သပြေကုန်းကျေးရွာတွင် လေဘေးဒဏ်ခံနိုင်ရေး ကြိုတင်ဆောင်ရွက်ရန် ပစ္စည်းများ ထောက်ပံ့

တပ်ကုန်း ဖေဖော်ဝါရီ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သပြေကုန်းကျေးရွာတွင် လေဘေးဒဏ်ခံနိုင်ရေး ကြိုတင်ဆောင်ရွက်ရန် ပစ္စည်းများထောက်ပံ့ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါကျေးရွာတွင် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဥတ္တရခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးဇော်မိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးညီညီထွေး နှင့်တာဝန်ရှိသူများက ၆ ပေ ၁၅ ပေရှိသည့် ထရံ ၅၇ ချပ်၊ ၇ ပေ ၁၅ ပေရှိသည့် ထရံ ၃၀ ချပ်၊ ၉ပေ ၁၅ ပေရှိသည့် ထရံ ၄ ချပ်၊ ၇ ပေ သွပ် ၇ ချပ်၊ ၂ လက်မသံ ၅ ပိဿာ၊ သွပ်နန်းကြိုး ၁ ပိဿာ၊ ကြက်သောင်းဝါး ၁၅ လုံးနှင့် မျောတိုင် ၁၅ လုံး၊ စုစုပေါင်းတန်ဖိုးငွေ  ၁,၄၁၉,၀၀၀ ကျပ်အား  အိမ်ထောင်စု ၃၃ စုမှ အိမ်ထောင်ဦးစီးများထံ  ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်