ပျော်ဘွယ်မြို့နယ်ရုံးတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ပျော်ဘွယ် ဖေဖော်ဝါရီ ၂

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မူလတန်းအထက်အဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပခြင်းကို ယနေ့ နံနက် (၉)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်များကို မမေ့လျော့စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးနေခြင်း ဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မူလတန်းအထက်အဆင့် ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပရာ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး၊ မူလတန်းအထက်အဆင့် ပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ(၁၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မကြာမီရက်ပိုင်းတွင် ပြုလုပ်မည့် အခမ်းအနား၌ ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)