မက်မန်း ဖေဖော်ဝါရီ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကွန်ဟောင်းကျေးရွာ ဘက်စုံစိုက်ပျိုးရေးခြံတွင် ဒေသခံလက်ဖက်စိုက်တောင်သူများ အာသံလက်ဖက်များ ကိုင်းကူး/ကိုင်းဖြတ်၍ လက်ဖက်မျိုးများ ပြန်လည်ဖြန့်ဝေနိုင်စေရန်နှင့် လက်ဖက်စိုက်နည်းပညာများ ဖြန့်ဝေပေးနိုင်စေရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဘက်စုံစိုက်ပျိုးရေးခြံတွင် အာသံလက်ဖက်မျိုးများ စိုက်ပျိုးထားရှိရာ အော်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
“မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်းရှိ စိုက်ပျိုးရေးတောင်သူများ ဒေသဝမ်းစာဖူလုံရေးနှင့် လက်ဖက်စိုက်တောင်သူများ နည်းပညာဖြန့်ဖြူပေးနိုင်ရန် ရည်ရွယ်၍ အာသံလက်ဖက်မျိုးများ စိုက်ပျိုးထားရှိရာ ယခင်နှစ်က လက်ဖက်ခြောက် ပိဿာ(၃၀)ကျော်ရရှိခဲ့ကြောင်း၊ ဒေသအတွင်းရှိ အာသံလက်ဖက်စိုက်ပျိုးမည့် တောင်သူများအတွက်လည်း ကိုင်းကူး/ကိုင်းဖြတ်များကို ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း၊ ဒေသခံပြည်သူများမှာလည်း အာသံလက်ဖက်ပင်များ စတင်စိုက်ပျိုးလာပြီဖြစ်ကြောင်း၊ ဒေသအတွင်း၌ လက်ဖက်ခြောက်တစ်ပိဿာလျှင် ငွေကျပ်တစ်သောင်းကျော် ရောင်းချရကြောင်း၊ အာသံလက်ဖက်ပင်(၂၀၀၀)ကျော် စိုက်ပျိုးထားရှိကြောင်း၊ လက်ဖက်ပင်များသည် နှစ်ရှည်ပင်များဖြစ်သဖြင့် စိုက်ပျိုးရေးတောင်သူများအနေဖြင့် စီးပွားဖြစ်စိုက်ပျိုးသင့်ကြောင်း” မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ ဦးမျိုးခိုင်ထံမှ သိရသည်။
စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)