ပုဂံဘူတာကြီးဝင်းအတွင်း မီးရထားဝန်ထမ်းများ လက်တွေ့မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်၊ ပင်မရုံ၊ စက်ခေါင်းရုံနှင့် အိမ်ထောင်သည်လိုင်းခန်းတို့ကို ကြည့်ရှုစစ်ဆေး

ညောင်ဦး ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ ရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများနှင့် ပြည်သူများ ထိ ခိုက်နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ညောင်ဦးခရိုင်အတွင်းရှိ နေအိမ်များ၊ စက်ရုံအလုပ် ရုံများ၊ဈေးများ၊ စာသင်ကျောင်းများ မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ပုဂံမီးရထားဘူတာဝင်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာန၊ ခရိုင်မီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်အောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံဘူတာဝင်းအတွင်းရှိ ဝန်ထမ်းများနှင့် အိမ်ထောင်သည် မိသားစုများအား  မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များအား ပညာပေးရှင်းလင်းပြောကြားပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပုဂံဘူတာဝင်းအတွင်းရှိ အိမ်ထောင်သည်လိုင်းခန်းများ၊ မီးရထားစက်ခေါင်းရုံများ၊ မီးရထားပင်မဘူတာရုံတို့အား မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးခြင်းနှင့် ဆောင်ရွက်ထားရှိရန် လိုအပ်သည်တို့အား ဆောင်ရွက်ထားရန် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း