မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်

မိုင်းရှူး ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း မီးဘေးအန္တရာယ်များ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မိုင်းရှူးမြို့နယ်နှင့် မိုင်းစံမြို့ပေါ်ရပ်ကွက်များသို့ တစ်အိမ်တက်ဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဇင်ဖြိုးနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ မီးဘေးလုံခြုံရေးဆိုင်ရာတို့ကို စစ်ဆေးခဲ့ပြီး မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုနည်းများကို သရုပ်ပြရှင်းလင်းပေးခဲ့သည်။

ထိုသို့ လိုက်လံစစ်ဆေးခဲ့ရာတွင် မီးသတ်ဦးစီးဌာနမှ ပြည်သူများမီးအမျိုးမျိုးသုံးစွဲခြင်းကို စနစ်တကျသုံးစွဲတတ်စေရန်၊ မီးဘေးလုံခြုံရေးဆိုင်ရာ ပစ္စည်းများထားရှိစေရန်၊ အရေးပေါ်ဖြစ်ပွားလာပါက ချက်ချင်းသတင်းပေးပို့နိုင်ရေးနှင့် ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား သိရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)