ကျိုင်းတုံ ဖေဖော်ဝါရီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက မိုင်းဇင်းကျေးရွာအုပ်စု၊ တော့အန်းတစ်ကျေးရွာတွင် ပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် ကျိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်က အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ယခုသင်တန်းမှ ပို့ချလိုက်သည့် မီးဘေးလုံခြုံရေးဆိုင်ရာများ၊ အခြားသောဘေးအန္တရာယ်များ ဖြစ်ပွားပါက အလျင်မြန်ဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းပါးသည်ထက်နည်းပါးစေရန် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်သန္ဓေတပ်ဖွဲ့ဝင်များ၊ ရပ်/ရွာပြည်သူများနှင့်ပူးပေါင်း၍ ဒေသအကျိုးအတွက် ဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး ထူးချွန်ဆုရ သင်တန်းသားများအား ဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူထိုက်က သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
အဆိုပါသင်တန်းသို့ ကျေးရွာနေပြည်သူ သင်တန်းသား ၅၀ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဇန်နဝါရီလ ၈ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)