တပ်ကုန်း ဖေဖော်ဝါရီ ၂
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ခရီးစဉ်ညွှန်ကြားချက်အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ကျန်ရှိနေသည့် ရဟန်း၊ သံဃာတော်များအား အသည်းရောင်၊ အသားဝါရောဂါ ဘီပိုးကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ညောင်လွန့်ကျေးလက်ကျန်းမာရေးဌာနတွင် အခမဲ့ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးစုရပ်တွင် တပ်ကုန်းမြို့နယ် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင် ကြီးကြပ်၍ သံဃာတော် ၅၆ ပါး၊ သာမဏေ ၈ ပါး၊ စုစုပေါင်း ၆၄ ပါးအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်