မိုးနဲမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအဖြစ်  အသိပညာပေး နံရံကပ်စာစောင်ပြသ

မိုးနဲ ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ပြဘုတ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအဖြစ်  အမျိုးသမီးများအပေါ် ရုပ်ပိုင်း၊ လိင်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်စေရေး အသိပညာပေးနံရံကပ်စာစောင် ပြသခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုးနဲမြို့နယ်ရုံးအနေဖြင့် နိုင်ငံတော်၏ မူဝါဒများ၊ ရှေးလုပ်ငန်းစဥ်များ၊ အသိပညာပေးနံရံကပ်စာစောင်နှင့် အများပြည်သူများ သိရှိလိုက်နာသင့်သည့် အချက်များပါရှိသည့် နံရံကပ်စာစောင်များ အချိန်နှင့်တပြေးညီပြသလျက်ရှိရာ ယခုအခါတွင်လည်း အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အမျိုးသမီးများအပေါ် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖတ်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖတ်မှုများ ဖြစ်ပေါ်လာပါက ကျူးလွန်သူအနေဖြင့် ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များ၊ ကျူးလွန်မှုအလိုက် ကျသင့်မည့် ပုဒ်မများပါရှိသည့် နံရံကပ်စာစောင်အားပြသခဲ့ကြသည်။

ဇင်ကိုကို(ပြန်/ဆက်)