မိုင်းယောင်း ဖေဖော်ဝါရီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များသည် နံနက် ၉ နာရီက အ.ထ.က(မိုင်းယု)ပညာရေးစုံညီပွဲတော်အား တက်ရောက်ဆုချီးမြှင့်ပေးခြင်းကိုလည်းကောင်း၊ နံနက် ၁၀ နာရီ ၁၅ မိနစ်က ဒွန်းနွဲ့အုပ်စု၊ ဒွန်းနွဲ့ကျေးရွာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ဒွန့်နွဲ့ကြိုးတံတား တည်ဆောက်ပြီးစီးမှုအားလည်းကောင်း၊ နံနက် ၁၁ နာရီ ၄၅ မိနစ်က တာကြန့်အုပ်စု၊ နမ့်နော်(အောက်)ကျေးရွာတွင် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေ ကျပ် ၁၅၅ ဒသမ ၄၇ သန်းဖြင့် လျှပ်စစ်မီးသွယ်တန်းပြီးစီးမှု၊ မီးခိုးမြူငွေ့နှင့် မီးတားလမ်းအား ပေ (၂၀)ထားရှိရန် အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်းကိုလည်းကောင်း၊ ကိုယ်ထူကိုယ်ထ တံတားတည်ဆောက်နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးခြင်းကိုလည်းကောင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထို့အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များသည် ညနေ ၃ နာရီ ၄၅ မိနစ်က ဝမ်ဘိုးအုပ်စု၊ ဝမ်ပုံကျေးရွာ ဝမ်ပုံဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် ဦးဆောင်၍ သီရိမင်္ဂလာစေတီတော် တည်ထားနေမှုအားလည်းကောင်း၊ ညနေ ၄ နာရီ ၅၀ မိနစ်က ဝမ်ကောင်းအုပ်စု၊ ဝမ်တောင်းကျေးရွာ ဓါတ်လုံစေတီတော်တွင် အပတ်စဉ် စနေနေ့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မည့် နေရာအားလည်းကောင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)