ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ဌာနဆိုင်ရာ ရုံး/ အဆောက်အဦးများအား မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် ကွင်းဆင်းစစ်ဆေး

ဒဂုံမြောက် ဖေဖေါ်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် ပွင့်လင်းရာသီသို့ ကူး‌ပြောင်းလာပြီဖြစ်၍ ဌာနဆိုင်ရာ ရုံး/ အဆောက်အဦးများအား မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဉီးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့နံနက် ၁၀ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၇) ရပ်ကွက်ရှိ ရုံးဌာနများသို့ လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ လိုက်လံစစ်ဆေးရာတွင် ဌာနဆိုင်ရာ ရုံး/ အဆောက်အဦးများအား မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းအား မြို့နယ်မီးသတ်ဦးစီးမှူးဦးစီးအရာရှိ ဦးတင်ထွန်းအောင် ဦးဆောင်၍ သန္ဓေ (၅) ဦး၊ အရန် (၆) ဦး ဖြင့် (၃၇) ရပ်ကွက်၊ ပင်လုံလမ်းရှိ မြို့နယ်စီမံကိန်း‌ ရေးဆွဲရေးဦးစီးဌာနရုံးသို့ မီးဘေးလုံခြုံစိတ်ချရမှုရှိမရှိ စစ်ဆေး‌ဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံကိန်း‌ဦးစီးမှူးနှင့် ဝန်ထမ်းများအား မီးဘေးကာကွယ်‌ရေးနည်းလမ်းများကို အသိပညာပေး‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ