နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် စားသောက်ကုန်များ ရောင်းချပေး

နေပြည်တော် ဖေဖော်ဝါရီ ၂

နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ကြက်သား၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲနှင့် အခြေခံစားသောက်ကုန်တို့ကို သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီရုံးဝန်း၌ ရောင်းချပေးခဲ့သည်။

အဆိုပါစားသောက်ကုန်များ ရောင်းချရာတွင် ဒေသထွက် ကြက်သား၊ ကြက်ဥ၊ ဘဲဥ စသည့် အခြေခံစားသောက်ကုန်များကို စားသုံးသူရေးရာဦးစီးဌာနက သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း၊ ပြင်ပပေါက်ဈေးထက် သက်သာသဖြင့် ဝန်ထမ်းများ ဝယ်ယူမှုများပြားကြောင်း၊ ဆက်လက်၍ နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)