မိုင်းတုံ ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ မြို့နယ်အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ (၂) အချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုပေါင်း၍ လစဉ်ပုံမှန် အစည်းအဝေးပြုလုပ်ပေးခြင်းသည် မိမိတို့လုပ်နေသည့် လုပ်ငန်းများအပေါ် ကြုံတွေ့ရသည့် အခက်အခဲများကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ပေးခြင်း၊ မိမိတို့ကြုံရသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှသာ လုပ်ငန်းတိုးတက်အောင်မြင်မှုရရှိခြင်း၊ ရပ်ကျေးစာရေးများကလည်း မိမိတို့လုပ်ရမယ့်လုပ်ငန်းကို အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်အောင်ဆောင်ရွက်သွားစေရန် စသည်တို့ကိုပြောကြားပြီးနောက် မြို့နယ်လဝကဦးစီးအရာရှိ ဦးအောင်အောင်ထွန်းက ပန်းခင်းစီမံချက် (၃) လုပ်ငန်းနှင့် လည်းကောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာ ရင်းကောက်ယူနေမှုနှင့် ပတ်သက်၍ အကျယ်တစ်ဝန်းရှင်းလင်းခြင်း၊ မြို့နယ်မြေစာရင်းမှဦးစီးအရာရှိ ဦးကိုကိုမောင်က ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မြို့နယ်တိကုမှ ဒေါက်တာအောင်ဖြိုးဝေက စိုက်ပျိုးမွေးမြူရေးအထက် တန်းကျောင်းဖွင့်လှစ် မည်နှင့်ပတ်သက်၍လည်း ကောင်းရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ မိမိတို့ဆောင်ရွက်နေမှုနှင့် ကြုံတွေ့ရသည့်အခက်အခဲများကို အပြန်အလှန်ဆွေးနွေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးလွင်မိုးက ဆွေးနွေးမှုအပေါ် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)