လသာ ဖေဖော်ဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက် ၉ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှတစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိဦးမျိုးမင်းထက်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ နေအိမ်များ၊စျေးဆိုင်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ စျေးပိတ်အိမ်ပြန်ပါကမီးစနစ်တကျပိတ်၍ပြန်ကြရန်နှင့်အတူ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျငြှိမ်းသတ်ပြီးမှအိပ်ကြရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်၊ တရားမဝင်လောင်စာဆီများသိုလှောင်ခြင်း၊ ရောင်းချခြင်းများမပြုလုပ်ရန်၊ မိမိတို့နေအိမ်ပတ်ဝန်းကျင်ရှိ ရေအိုး၊ ရေစည်များကို ရေဖြည့်ထားရှိရန်နှင့် အမှိုက်များမီးရှိုလိုပါကလည်း မြို့နယ်မီးသတ်ဦးစီးဌာနထံသို့ သတင်းပေးပို့ဆောင်ရွက်သွားရန်တို့ကိုပြောကြားခဲ့ပြီး မီးသတိပြုဆောင်ရွက်ရန် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရန်နိုင်ဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဆန်းထွန်းအောင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လသာမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်နေပြည်သူများ မီးဘေးအန္တရာယ်ကာကွယ်နိုင်ရန်အတွက် မီးသတ်ယာဥ်ဖြင့် လိုက်လံနှိုးဆော်ခြင်း၊ မီးဘေးသရုပ်ပြခြင်းနှင့် တစ်အိမ်တစ်ဆင်း လိုက်လံစစ်ဆေးခြင်းများကို စဥ်ဆက်မပျက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နန်းသဲနုအောင်(ပြန်/ဆက်)