ဒဂုံဆိပ်ကမ်း ဖေဖော်ဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့က အမှတ် (၇၉) ရပ်ကွက်နှင့် (၉၄) ရပ်ကွက်တို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းမီး စစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် သတိပေးနှိုးဆော်ခြင်းများကို မီးငြှိမ်းသတ်ယာဉ်များဖြင့် လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ကြသည်။
ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်သည့်အတွက် မီးဖိုမီးသုံးစွဲပြီးပါက မီးကြွင်းမီးကျန်မရှိစေရေး၊ စနစ်တကျငြိမ်းသတ်ကြရန်၊ မီးချိတ်၊ မီးကပ်၊ ရေ၊ သဲ ပြည့်စုံစွာထားရှိရန်၊ မီးဖိုများကို မြေကျင်းတူး၍ အကာအရံဖြင့်ထားရှိရန်၊ လျှပ်စစ်မီးသုံးစွဲရာတွင်လည်း သတိပြုသုံးစွဲကြရန်၊ လျှပ်စစ်မီးကြိုးများ ကောင်းမွန်မှု ရှိ/ မရှိ စစ်ဆေးထားရန်၊ လျှပ်စစ်မီးသုံးစွဲပြီးတိုင်း မီးခလုတ်များကိုသေချာစွာ ပိတ်ထားရန်၊ အိမ်ပြင်ပသို့ထွက်သွားလိုလျှင် မီးမိန်းများကိုချထားရန်၊ နေအိမ်အတွင်းနှင့်ပြင်ပတွင် မီးလောင်လွယ်သည့် အမှိုက်များကို ရှင်းလင်းထားကြရန်နှင့် အိမ်တိုင်းမီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိကြရန် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းမီးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများကို တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့နှင့် အဖျောက်မြို့တို့အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများသို့ လိုက်လံ၊ လှည့်လည်၊ သတိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
အေးမဉ္ဇူ