မိုင်းခုတ် ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဒုတိယပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇေယျာလင်း ဦးဆောင်သောအဖွဲ့မှ ယနေ့နံနက် ၁၀ နာရီအချိန်တွင် မိုင်းခုတ်မြို့ 66/11KV ' 10MVA ဓာတ်အားခွဲရုံမှ 11KV ဖီဒါ(၂) (မြို့တွင်းဖီဒါ)သို့ မီးသုံးသူ (၁၈၂) ဦးအား ဝန်အား (0.1MW) ဖြင့် စတင်ဓာတ်အား ဖြန့်ဖြူးပေးခဲ့ကြောင်းနှင့် ရပ်ကွက်နေပြည်သူများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းရန်အတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ထိုသို့နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် အတွက် မိုင်းခုတ် 66/11KV ' 10MVA ဓာတ်အားခွဲရုံအား 230/66KV '100MVA ပင်မဓာတ်အားခွဲရုံ(ကျိုင်းတုံ)မှ 66KV ဓာတ်အားကို (၂၇.၁.၂၀၂၄) ရက်နေ့ (၁၄:၄၁PM) နာရီအချိန်တွင် လက်ခံရယူပြီး ထရန်စဖော်မာအား (၂၈.၁.၂၀၂၄) ရက်နေ့ (၀၉:၁၂ AM) နာရီထိ စုစုပေါင်း (၁၈) နာရီ Float Charged ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
သီတာအေး(ပြန်/ဆက်)