ဝမ်းတွင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အေးချမ်းစွာဖြင့် သွားလာလှုပ်ရှား ရောင်းဝယ်ဖောက်ကားလျက်ရှိ

ဝမ်းတွင်း ဖေဖော်ဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ပြည်သူများအနေဖြင့် အေးချမ်းစွာဖြင့် သွားလာလှုပ်ရှား ရောင်းဝယ်ဖောက်ကားလျက်ရှိသည်။

ဝမ်းတွင်းမြို့နယ်သည် ယက္ကန်းကို အဓိကထား လုပ်ကိုင်သော ယက္ကန်း မြို့တော်တစ်ခု ဖြစ်ပြီး  မြို့တွင် နေထိုင်သော ပြည်သူများအနေဖြင့် မိမိအလုပ်ကိုသာ လုပ်ကိုင်လျက်ရှိပြီး စက်ရုံ အလုပ်ရုံများလည်ပတ်နေခြင်း၊ ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချခြင်း၊ လ္ဘက်ရည်ဆိုင်၊ စား သောက်ဆိုင်နှင့် စတိုးဆိုင် အစရှိသည် ဈေးဆိုင်များလည်း ပုံမှန်တိုင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည်။ ဈေးကြီးများဖြစ်သည့် ဝမ်းတွင်းဈေးနေ့တွင်လည်း ဈေးသည် ဈေးဝယ်များဖြင့် ပုံမှန်တိုင်း စည်ကားလျက်ရှိသည့်အပြင် ဘုရားစုဈေး၊ သဲတောဈေးရှေ့ တိုက်တန်းရှိ ဈေးဆိုင်များတွင်လည်း ဈေးရောင်းချသူ၊ ဈေးဝယ်များဖြင့် စည်ကားလျက်ရှိသည်။

ဝမ်းတွင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် စက်ရုံအလုပ်ရုံများ၊ ဈေးဆိုင်များဖွင့်လှစ်ခြင်း၊ ဈေးရောင်းဈေးဝယ်သူများဖြင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှား ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)