မိုင်းတုံ ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံမှ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသက်ခိုင်မင်းနှင့် ဝန်ထမ်းများသည် အငြိမ်းစားဝန်ထမ်းများကို ယနေ့နံနက်ပိုင်းက မိုင်းတုံပြည်သူ့ဆေးရုံ၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်ရဲမှူး မြင့်အောင်နှင့် အဖွဲ့များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုအစီစဉ်ကို မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသက်ခိုင်မင်းက ဆောင်တွင်းကာလသည် အလွန်အေးချမ်း၍ သက်ကြီးရွယ်အို အငြိမ်းစားဝန်ထမ်းများအနေနဲ့ အအေးဒဏ်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် မကောင်းသည့် ရောဂါလက္ခဏာများ မဝင်လာနိုင်အောင်ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်မှုကို အခမဲ့ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဆောင်ရွက်ပေးခြင်းကို မိုင်းတုံမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းအားလုံးကို တစ်လတစ်ကြိမ် အခမဲ့ဆေးများကုသပေးခြင်း၊ ကျန်းမာရေးပြုစုစောင့်ရှောက်ပေးခြင်းနှင့် လိုအပ်တဲ့ဆေးဝါးများ လှူဒါန်းပေးခြင်းများ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသက်ခိုင်မင်းထံမှ သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)