မိုင်းရှူး ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် Pfizer Vaccination (Booster) ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မိုင်းရှူးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး၌ ထိုးနှံပေးသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးသည့် ပြည်သူများအား ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများကို ထိုးနှံပေးသည်။
အဆိုပါ ကာကွယ်ဆေးကို အသက်၅၀နှစ်အထက်ဝန်ထမ်းများ၊ အသက် ၆၅နှစ်အထက် ပြည့်သူများ၊ အသက် ၁၈နှစ်အထက် နာတာရှည်ရောဂါရှိသူများ၊ ကိုယ်ဝန်(၃)လအထက် ကိုယ်ဝန်ဆောင်မိခင်များကို ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးနှံရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းနှင့်ဝန်ထမ်းများက ဖေဖော်ဝါရီ ၁ရက်နေ့မှ ၉ရက်နေ့ အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)